Print

ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း

  27-Feb-2017
Preview Image

မျက်နှာအရေပြား လှပကျန်းမာစေဖို့အတွက် ညအိပ်ရာဝင်ခါနီး ဂရုစိုက်ရမယ့် နည်းလမ်းကတော့ သန့်ရှင်းအောင် ဆေးကြောပြီးတော့ ဘာမှမလိမ်းပဲ အိပ်စက်ခြင်းဖြစ်ပါတယ်။ယင်းသို့ ဘာမှမလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေးပြီး မျက်နှာက ပျက်ဆီးသွားတဲ့ ဆဲလ်တွေကို အလိုအလျောက်ပြန်လည်ပြု ပြင်ပေးပါတယ်။ အရေပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများစားသုံးသူများနဲ့ ကျန်းမာရေး ကောင်းမွန်သူများမှာ ယင်းဆဲလ် ပိုမိုအားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည်ပြု ပြင်ပေးမှှု မြန်ဆန်ပါတယ်။

 

အနာအဆာများ၊ ဝက်ခြံများ၊ အဖုများကို သူ့အလိုအလျောက် ကုသပေးပြီး အရေပြားက သဘာဝဆေးထုတ်ပါတယ်။ ဒါကြောင့်မို့ အိပ်ရာဝင်တဲ့အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြားအဆီနဲ့ ခရင်တို့လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရေပြား ကျန်းမာရေးကို ပိုလို့တောင် ထိခိုက်စေနိုင်ပါသေးတယ်။ အရေပြားရဲ့ အဆီပြန်မှှုကို ပိတ်ဆို့ထားခြင်းကြောင့် ပိုလို့တောင်ပျက်ဆီး စေပါသေးတယ်။

 

အိပ်ရာဝင်ခါနီးမှာ အရေပြားသန့်ရှင်းအောင် ဆေးကြောဖို့တော့ လိုပါတယ်။ ဒီအတွက် မိမိအသုံးပြုနေကျဘယ်လိုမျက်နှာသစ်ဆေးနဲ့မဆို ဆေးကြောသန့်ရှင်းနိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင်ပါပြီ။မနက်အိပ်ရာထချိန်မှာ မနေ့ကထက် လှပနေမှာဖြစ်ပါတယ်။ ယင်းဟာ အရည်ပြားအလှအပဆိုင်ရာ ဆရာဝန်များ ညွန်ကြားပြသထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အောင်ခမ်း (www.innewsmyanmar.com)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18